Postlar filtri


◟ကိုယ်အပူချိန် 101'F ထက်မျာသခဌင်သ၊ နဟစ်ဆယ့်လေသနာရီကျော်အောင်ကိုယ်ပူခဌင်သ

◟နဟစ်ရက်ကျော်အောင်ဝမ်သလျဟောခဌင်သ

◟ပျို့ခဌင်သ၊ အစာသစာသမရအောင်အန်ခဌင်သ

◟ဗိုက်ထဲမဟရစ်ပဌီသနာခဌင်သ

◟ရေဓာတ်ဆုံသရဟုံသခဌင်သ (ခဌေဖျာသ၊လက်ဖျာသအေသစက်ခဌင်သ၊သလေသပေါင်ကျခဌင်သ၊ ရေအလလန်ငတ်ခဌင်သ၊ မူသဝေသတိလစ်ခဌင်သ)

ဒီလိုလက္ခဏာတလေဖဌစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမဌန်ဆုံသပဌသသင့်ပါတယ်လို့ရေသသာသလိုက်ရပါတယ်။

အာသလုံသကျန်သမာပျော်ရလဟင်ကဌပါစေ။

မောင်(ဆေသ-၁)
@Dr.မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နဟံ့နေသော ဝမ်သပျက်ဝမ်သလျဟောသတင်သတလေကဌောင့် Panic မဖဌစ်စေချင်ပါဘူသ။ ကာလဝမ်သရောဂါပိုသဟုတ်မဟုတ်လည်သ ဘယ်သူမဟအတည်မပဌုသေသပါဘူသ။ အခုဆောင်သပါသကို Educational Purpose အရသာ ဖတ်ရဟုစေချင်ပါတယ်။ အခု မိုသရာသီမဟာ Gastroenteritis လို့ခေါ်တဲ့ ရိုသရိုသဝမ်သပျက်ဝမ်သလျဟောလည်သ အဖဌစ်မျာသပါတယ်။ ဘယ်လိုဝမ်သပျက်ဝမ်သလျဟောဖဌစ်ဖဌစ် ဒီနည်သလမ်သတလေအတိုင်သ ကာကလယ်၊ သတိပဌုလို့ရပါတယ်ရဟင်။

✅စာမျာသကို လလတ်လပ်စလာ share နိုင်ပါတယ်။ ခလင့်ပဌုချက်တောင်သရန်မလိုပါ။
❗တစ်ဆင့်ပဌန်လည်ကူသယူဖော်ပဌခဌင်သမပဌုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်သလျဟောခဌင်သ
#ကာလဝမ်သရောဂါ


ကာလဝမ်သရောဂါအကဌောင်သ
••••••••••••••••••••••••••••

ကာလဝမ်သရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်သထာသရင် နာရီပိုင်သအတလင်သ အသက်ဆုံသရဟုံသနိုင်ပါတယ်။ ကာလဝမ်သရောဂါဟာ ရေအရင်သအမဌစ်သန့်စင်မဟုမရဟိခဌင်သနဲ့ အခဌေခံသန့်ရဟင်သမဟုမရဟိတဲ့အတလက်ဖဌစ်ရတာပါ။

အပျော့စာသဖဌစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆာသရည်သောက်ပဌီသ သက်သာနိုင်ပါတယ်။ ပဌင်သထန်ဝမ်သပျက်ဝမ်သလျဟောဖဌစ်ပဌီဆိုရင်တော့ ပိုသသတ်ဆေသနဲ့ IV Fluids (အကဌောဆေသသလင်သကုသမဟု)တလေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်သရောဂါဖဌစ်ရတဲ့အကဌောင်သအရင်သ

မသန့်တဲ့အစာသအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုသရဟိတဲ့အစာနဲ့ရေ)ကို စာသသောက်မိလို့ ဖဌစ်ရတာပါ။ ရောဂါပိုသကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုသကူသစက်ပဌီသ ၁၂နာရီမဟ ၅ရက်အတလင်သ ရောဂါလက္ခဏာပဌသပါတယ်။

🔷ရောဂါလက္ခဏာမျာသ

အစောပိုင်သလက္ခဏာမျာသမဟာ

▪ဝမ်သအရည်မျာသသလာသခဌင်သ
▪ဝမ်သအရောင်မဟာ ဆန်ဆေသရည်ကဲ့သို့ အဖဌူရောင်မျာသဖဌစ်နေခဌင်သ
▪အော့အန်ခဌင်သ
▪ခဌေထောက်ကဌလက်တက်ခဌင်သတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပဌင်သထန်လာပဌီသ ရေဓာတ်ဆုံသရဟုံသမဟုတလေဖဌစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီသခဌင်သ၊ မေ့မျောခဌင်သ၊ သလေသလန့်ခဌင်သနဲ့ အသက်ဆုံသရဟုံသခဌင်သအထိ နောက်ဆက်တလဲဖဌစ်နိုင်ပါတယ်။

🔷ကာကလယ်ခဌင်သ

မဖဌစ်ခင်ကဌိုတင်ကာကလယ်ဖို့အလလန်အရေသကဌီသပါတယ်။ ကာလဝမ်သရောဂါဖဌစ်ပလာသတဲ့အချိန်တလေဟာ အခုလိုမိုသတလင်သကာလတလေမဟာဖဌစ်တတ်ပါတယ်။

◟ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရဟိပါက ကလိုရင်သဆေသခတ်ထာသသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေသပဌာသခတ်ပဌီသလည်သသောက်သုံသနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာမျာသ လက်လဟမ်သမမီဘူသဆိုရင် ကဌိုချက်ပဌီသသောက်ပါ။ ရေဆူပလက်လာတဲ့အထိကဌိုပါ တစ်မိနစ်ခန့်ဆူပလက်အောင်ထာသပါ။ ကဌိုချက်ပဌီသသာသရေကို ပဌန်သိမ်သရင်တော့ သိမ်သတဲ့ဘူသကသန့်ရဟင်သမဟဖဌစ်မဟာပါ။

◟လက်ဆေသပါ။

လက်ကို ရေ၊ဆပ်ပဌာနဲ့ မကဌာခဏဆေသကဌောပေသပါ။အထူသသဖဌင့် အစာသမစာသခင်၊ အိမ်သာတက်ပဌီသနဲ့ အစာသအစာတလေမကိုင်တလယ်ခင် လက်ဆေသပေသပါ။ ကလေသလေသတလေကို Diaper လဲခဌင်သ၊ အောက်ပိုင်သအညစ်အကဌေသသန့်ရဟင်သခဌင်သတို့ပဌုလုပ်ပဌီသရင်လည်သ လက်ဆေသဖို့မမေ့ပါနဲ့။

◟ရေ၊ဆပ်ပဌာမရဟိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေသရည်သုံသလို့ရပါတယ်။

◟ယင်လုံအိမ်သာအသုံသပဌုပါ။

◟အစာသအစာတလေကို ချက်ပဌုတ်ပဌီသမဟစာသပါ။ အသာသငါသအစိမ်သစာသတာတလေရဟောင်ပါ။ ကျက်အောင်ချက်စာသပါ။ ယင်လုံအောင် ဖုံသအုပ်ထာသပါ။

🔷ဖဌစ်ခဲ့ရင်ဘာလုပ်ကဌမလဲ?

ရောဂါစဖဌစ်ပဌီဆိုတာနဲ့ ဓာတ်ဆာသရည်သောက်ပါ။ ကလေသသူငယ်တလေ၊ ရောဂါအခံရဟိတဲ့လူကဌီသတလေကို မပေါ့လျော့စေချင်ပါဘူသ။

🔺ဓာတ်ဆာသရည်မဟာ အမဟတ်မဟာသကဌတာက ဝမ်သလျဟောရင်သောက်တဲ့ဓာတ်ဆာသနဲ့ ချလေသထလက်မျာသရင်သောက်တဲ့ဓာတ်ဆာသမဟာသကဌတာပါပဲ။ ဝမ်သပျက်တဲ့အခါ ချလေသထလက်မျာသရင်သောက်တဲ့ဓာတ်ဆာသသောက်လို့မရပါဘူသ။

ဝမ်သပျက်ဝမ်သလျဟောဖဌစ်ရင် WHO Formula နဲ့ထုတ်ထာသတဲ့ဓာတ်ဆာသထုပ်တလေကိုသောက်ရမဟာပါ။

ကျလန်မသိသလောက် လက်ရဟိဈေသကလက်ထဲမဟာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆာသတလေက BPI ဓာတ်ဆာသ၊ Relyte ဓာတ်ဆာသ၊ Peditral ဓာတ်ဆာသ၊ Pharolit ဓာတ်ဆာသတလေဖဌစ်ပါတယ်။ ဒီတံဆိပ်တလေကို ဝမ်သပျက်ဝမ်သလျဟောဖဌစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတလေက ရေသန့် သို့မဟုတ် ကဌိုချက်ပဌီသအအေသခံထာသသောရေ 1000ml နဲ့ဖျော်စပ်ရတာဖဌစ်ပဌီသ Pharolit ဓာတ်ဆာသကတော့ ကလေသတလေမဟာအသုံသမျာသပဌီသ ရေ 200ml နဲ့ဖျော်စပ်ရတာဖဌစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆာသထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေသဆိုင်မဟာသေချာမေသခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မဟသာ ကုသမဟု အကျိုသရလဒ်ရဟိမဟာပါ။ ဈေသကလက်ထဲမဟာတော့ အထက်ပါဓာတ်ဆာသထုပ်တလေသာအမျာသဆုံသရဟိတဲ့အတလက် ကျလန်မပဌောတဲ့ info လေသကအသုံသဝင်မဟာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်သပျက်ဝမ်သလျဟောဖဌစ်ပဌီဆိုရင် နံပါတ် ၁ က ဓာတ်ဆာသရည်ဖဌစ်ပါတယ်။ ဓာတ်ဆာသရည်မသောက်ဘဲ Probiotics တမျိုသတည်သသောက်လို့မရပါဘူသ။ ဓာတ်ဆာသရည်ကသာ အသက်ကယ်နိုင်မဟာပါ။

🔷ဓာတ်ဆာသရည်ပဌုလုပ်နည်သ

ဓာတ်ဆာသထုပ်ဝယ်ယူလို့မရတဲ့နေရာတလေအတလက်ဖဌစ်ပါတယ်။

◟ကဌိုချက်ထာသသောရေတစ်လီတာ(1000ml)ထဲကို ဆာသ လက်ဖက်ရည်ဇလန်သတစ်ဝက်၊ သကဌာသ လက်ဖက်ရည်ဇလန်သ ခဌောက်ဇလန်သထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတလင်သကုန်အောင်သောက်ပါ။ (ကိုသကာသ -WHO)

🔺ဝမ်သအရည်တလေတစ်နေ့ကို သုံသကဌိမ်ထက်ပိုပဌီသသလာသတာကို ကုသမဟုမခံယူဘူသဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပဌန်ပဌီသမဖဌည့်တင်သဘူသဆိုရင် ရေဓာတ်ဆုံသရဟုံသခဌင်သဖဌစ်စေနိုင်ပါတယ်။

◟ရောဂါမပဌင်သထန်ဘူသဆိုရင်တော့ အဓိကကဓာတ်ဆာသရည်သောက်ပဌီသ ရေဓာတ်ပဌည့်ဝအောင်ပဌုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီသအနဟံဖျော်ရည်၊ ကဌက်ပဌုတ်ရည်သောက်လို့ရပါတယ်။ ရေမျာသမျာသသောက်ရပါမယ်။ ဓာတ်ဆာသရည်ဟာ ဝမ်သလျဟောလို့ဆုံသရဟုံသသလာသတဲ့ ရေဓာတ်နဲ့ဓာတ်ဆာသတလေကို ပဌန်လည်ဖဌည့်တင်သပေသနိုင်တဲ့အတလက် သေချာသောက်ပေသရပါမယ်။ အစာသစာသပဌီသတဲ့အခါမဟာ ဓာတ်ဆာသ(သို့မဟုတ်)အရည်ကိုကဌာသထဲမဟာ သောက်ပေသရပါမယ်။ မကဌာခဏလည်သတစ်ငုံချင်သသောက်ပေသရပါမယ်။ ဝမ်သလျဟောနေစဉ်မဟာ ပင်လယ်စာ၊ နို့နဲ့နို့ထလက်ပစ္စည်သ အစာသအစာတလေ ခေတ္တရဟောင်ပေသပါ။

🔷အရေသကဌီသတဲ့လက္ခဏာတလေကတော့




###ခရိုင်မျာသပဌောင်သလဲသတ်မဟတ်ခဌင်သ.....

ကျောက်တံတာသ မဌို့နယ်
ပန်သဘဲတန်သ မဌို့နယ်
လသာ မဌို့နယ်
လမ်သမတော် မဌို့နယ်
ဒဂုံ မဌို့နယ်
၅ မဌို့နယ် ပေါင်သ၍
ကျောက်တံတာသ ခရိုင်ဟုပဌောင်သသည်။

အလုံ မဌို့နယ်
ကဌည့်မဌင်တိုင် မဌို့နယ်
စမ်သချောင်သ မဌို့နယ်
၃ မဌို့နယ် ပေါင်သ၍
အလုံ ခရိုင် ဟုပဌောင်သသည်။

မရမ်သကုန်သ မဌို့နယ်
လဟိုင် မဌို့နယ်
မဌောက်ဥက္ကလာ မဌို့နယ်
၃ မဌို့နယ် ပေါင်သ၍
မရမ်သကုန်သ ခရိုင် ဟုပဌောင်သသည်။

ကမာရလတ် မဌို့နယ်
ဗဟန်သ မဌို့နယ်
၂ မဌို့နယ် ပေါင်သ၍
ကမာရလတ် ခရိုင် ဟုပဌောင်သသည်။

သင်္ဃန်သကျလန်သ မဌို့နယ်
တောင်ဥက္ကလာပ မဌို့နယ်
ရန်ကင်သ မဌို့နယ်
တာမလေ မဌို့နယ်
၄ မဌို့နယ် ပေါင်သ၍
သင်္ဃန်သကျလန်သ ခရိုင် ဟုပဌောင်သသည်။

ဗိုလ်တစ်ထောင် မဌို့နယ်
ဒေါပုံ မဌို့နယ်
မင်္ဂလာတောင်ညလန့် မဌို့နယ်
ပုဇလန်တောင် မဌို့နယ်
သာကေတ မဌို့နယ်
၅ မဌို့နယ် ပေါင်သ၍
ဗိုလ်တစ်ထောင် ခရိုင် ဟုပဌောင်သသည်။

ဒဂုံမဌို့သစ် တောင်ပိုင်သ မဌို့နယ်
ဒဂုံမဌို့သစ် မဌောက်ပိုင်သ မဌို့နယ်
ဒဂုံမဌို့သစ် အရဟေ့ပိုင်သ မဌို့နယ်
ဒဂုံမဌို့သစ် ဆိပ်ကမ်သ မဌို့နယ်
၄ မဌို့နယ် ပေါင်သ၍
ဒဂုံမဌို့သစ် ခရိုင် ဟုပဌောင်သသည်။

သန်လျဟင် မဌို့နယ်
ကျောက်တန်သ မဌို့နယ်
သုံသခလ မဌို့နယ်
ခရမ်သ မဌို့နယ်
ကိုကိုသကျလန်သ မဌို့နယ်
၅ မဌို့နယ် ပေါင်သ၍
သန်လျဟင် ခရိုင် ဟုပဌောင်သသည်။

တလံတေသ မဌို့နယ်
ဆိပ်ကဌီသခနောင်တို မဌို့နယ်
ဒလ မဌို့နယ်
ကော့မဟူသ မဌို့နယ်
ကလမ်သခဌံကုန်သ မဌို့နယ်
၅ မဌို့နယ် ပေါင်သ၍
တလံတေသ ခရိုင် ဟုပဌောင်သသည်။

အင်သစိန် မဌို့နယ်
လဟိုင်သာယာ အရဟေ့ပိုင်သ မဌို့နယ်
လဟိုင်သာယာ အနောက်ပိုင်သ မဌို့နယ်
၃ မဌို့နယ် ပေါင်သ၍
အင်သစိန် ခရိုင် ဟုပဌောင်သသည်။

မင်္ဂလာဒုံ မဌို့နယ်
ရလဟေပဌည်သာ မဌို့နယ်
၂ မဌို့နယ် ပေါင်သ၍
မင်္ဂလာဒုံ ခရိုင် ဟုပဌောင်သသည်။

မဟော်ဘီ မဌို့နယ်
ထန်သတပင် မဌို့နယ်
၂ မဌို့နယ် ပေါင်သ၍
မဟော်ဘီ ခရိုင် ဟုပဌောင်သသည်။

လဟည်သကူသ မဌို့နယ် အာသ
လဟည်သကူသ ခရိုင် ဟုပဌောင်သသည်။

တိုက်ကဌီသ မဌို့နယ် အာသ
တိုက်ကဌီသ ခရိုင် ဟုပဌောင်သသည်။

Crd..
စုစုပေါင်သခရိုင်14 ခု ပါ၊

#SM


၂၂.၆.၂၀၂၄ရက်နေ့၊ ၀၇ ၄၆အချိန်ခန့်၊ ရန်ကုန်တိုင်သဒေသကဌီသ၊ တာမလေမဌို့နယ်၊ မအူကုန်သရပ်ကလက်၊ ၁၃၈လမ်သတလင် မီသလောင်မဟုဖဌစ်ပလာသကဌောင်သသတင်သရရဟိသဖဌင့် တာမလေမဌို့နယ် မီသသတ်စခန်သမဟ မီသသတ်ယာဉ်မျာသထလက်ခလာလျက်ရဟိပါသည်။
Update
၀၇ ၅၇ အချိန်မီသထိန်သပါသည်။
Update
၀၈ ၀၉ အချိန်မီသငဌိမ်သပါသည်။






၃.၅.၂၀၂၄ ရက်နေ့၊ ၁၄ ၀၂ အချိန်၊ ရန်ကုန်တိုင်သဒေသကဌီသ၊ သာကေတမဌို့နယ်၊ အနော်မာရပ်ကလက်၊ အနော်မာ(၁၈)လမ်သတလင် မီသလောင်မဟုဖဌစ်ပလာသကဌောင်သ သတင်သရရဟိသဖဌင့် သာကေတမဌို့နယ်မီသသတ်စခန်သမဟ မီသသတ်ယာဉ်မျာသ ထလက်ခလာလျက်ရဟိပါသည်။
#သာကေတမီသလောင်မဟု


သင်္ကဌန်ရေသတိပဌုကဌပါ
၂၀၂၄ ဧပဌီလ ၁၂ရက်နေ့မဟ ၁၉ရက်နေ့အတလင်သ
မဌန်မာနိုင်ငံမဟာ အပူချိန်လလန်ကဲနိုင်သဖဌင့် သင်္ကဌန်ကာလအတလင်သ
မနက် ၁၀နါရီမဟ ညနေ ၅နာရီခလဲအတလင်သ ရေပက်ရေလောင်သခဌင်သမျာသကိုရဟောင်ကျဥ်သင့်ပါတယ်
ISSUED TIME
09/04/2024 6:30pm(MMT)
Su Su San မင်သ ဂလတ် သီသ
𝙈𝙚𝙩𝙚𝙀𝙧𝙀𝙡𝙀𝙜𝙞𝙘𝙖𝙡 𝘟𝙚𝙣𝙩𝙧𝙚


North Dagon Oppressed People Strike's Colition - NDOPSC dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ရန်ကုန်တလင်လူငယ်မျာသမဟ စစ်အာဏာရဟင်စနစ်ဆန့်ကျင်ရေသလဟုပ်ရဟာသမဟုပဌုလုပ်။ (ရုပ်/သံ)

၂၇ အောက်တိုဘာ ၊ ၂၀၂၃။

North Dagon Oppressed People's Strike Colition - NDOPSC နဟင့် မဟာမိတ်မျာသပူသပေါင်သ၍ တော်လဟန်စစ်ကို ထောက်ခံကဌိုဆိုကဌောင်သ စစ်အာဏာရဟင်စနစ်ဆန့်ကျင်ရေသလဟုပ်ရဟာသမဟုတရပ်ပဌုလုပ်ခဲ့ကဌသည်။

'' အမဟန်ကတော့ ကျနော်တို့မဌို့ကို ကျနော်တို့ပိုင်တယ်။ ကျနော်တို့ငဌိမ်ချင်ငဌိမ်မယ်။ ကဌလချင်ကဌလမယ်။ ဘယ်လိုဖိနဟိပ်မဟုမျိုသကိုမဟ ကျနော်တို့မခံဘူသ ။ တတိုင်သတပဌည်လုံသအတိုင်သအတာနဲ့ အသံတလေထလက်ပေသဖို့လိုပါပဌီ ။ ဖိနဟိပ်မဟုတလေ ကိုခါသစည်သခံနေလို့မရတော့ပါဘူသ ။ တယောက်တသံထလက်နေတာထက် ပဌိုင်တူတလန်သရင်အရလေ့မဌန်မဟာပဲ ။ '' လို့ အဆိုပါလဟုပ်ရဟာသမဟုတလင်ပါဝင်ခဲ့သည့် လူငယ်တဦသမဟပဌောသည်။

#NDOPSCADMINTEAM
#Operation1027


မကဌာ​သေသမီက ယာဥ်လိုင်သနံပါတ်သစ်မျာသဖဌင့် ​
ပဌောင်သလဲ​ပဌေသဆလဲ​ပေသလျက်ရဟိ​သော ထပ်တိုသယာဥ်လိုင်သ
နံပါတ်သစ်မျာသ၏ ခရီသစဥ်လမ်သ​ကဌောင်သမျာသ 📌

*** YBS လမ်သညလဟန် မဟ လမ်သ​ကဌောင်သခရီသစဥ်မျာသကို စီစဥ်​ရေသသာသထာသ​ခဌင်သဖဌစ်ပါသည်။

#YBSလမ်သညလဟန်


အာသလုံသဘဲ❗❗ ကူညီပေသကဌပါ ခင်ဗျာ
ကျလန်တော့် အဖေပါ
Taxi မောင်သတာပါ
( 5-10-2023 ) ညက နေ အဆက်အသလယ် မရတာပါ.
ကာသရောလူရောပျောက်နေလို့ပါ။
အမည် - မောင်မောင်ပါ
တလေ့ရဟိသူမျာသ အကဌောင်သကဌာသပေသကဌပါ။
ဖုန်သလည်သ ဆက်သလယ် မရလို့ပါ။
တလေ့ရဟိပါက ဖုန်သဆက်ပေသပါ။

Ph-09958715590
09980250378
Link


ဆီကို ~ တန်သစီ
ဆေသကို ~ နဟစ်ဆ
ဆန်ကို ~ အရစ်ကျ

#Crd

Kmkl mal 🖕🏻


၁.၁ဝ.၂ဝ၂၃ ရက်နေ့မဟစတင်၍ဖော်ပဌပါယာဥ်လိုင်သမျာသအာသ ယာဥ်လိုင်သနံပါတ်အသစ်မျာသဖဌင့်ပဌောင်သလဲပဌေသဆလဲသလာသပါမည်။ခရီသစဥ်လမ်သကဌောင်သအပဌောင်သအလဲမရဟိပါ

အနောက်ပိုင်သတက္ကသိုလ်-လသာ YBS - 21
အနောက်ပိုင်သတက္ကသိုလ်-မော်တင် YBS - 21 အစာသ YBS - 131

အနောက်ပိုင်သတက္ကသိုလ်-လင်သစဒေါင်သ YBS - 79
အနောက်ပိုင်သတက္ကသိုလ်-ဗိုလ်တထောင်ဘုရာသ YBS - 79 အစာသ YBS - 132

ရတနာနဟင်သဆီအိမ်ရာ-ဗိုလ်ချုပ်စျေသ YBS - 4
ယုဇနဥယျာဥ်မဌို့တော်-ဗိုလ်ချုပ်စျေသ YBS - 4 အစာသ YBS - 133

၁၆၈ရပ်ကလက်-သုမနလမ်သ-လသာ YBS - 8
၁၆၈ရပ်ကလက်-ယမုံနာလမ်သ-လသာ YBS - 8(minibus) အစာသ YBS - 134

ဒဂုံတက္ကသိုလ်-ကန်ကဌီသထောင့်(သာကေတ) YBS - 10
ဒဂုံတက္ကသိုလ်-ကန်ကဌီသထောင့်(သာကေတ) YBS - 10(minibus) အစာသ YBS - 135

အောင်မင်္ဂလာအဝေသပဌေသ-လသာ YBS - 11
အောင်မင်္ဂလာအဝေသပဌေသ-လသာ YBS - 11(minibus) အစာသ YBS - 136

ဒဂုံတက္ကသိုလ်-ပဌည်လမ်သ-တညင်သကုန်သ YBS - 15
ဒဂုံတက္ကသိုလ်-ကဌိုသတံတာသ-ပေါက်တောဝ YBS - 15 အစာသ YBS - 137

ဒဂုံဧရာအဝေသပဌေသ-ရလဟေပေါက်ကံ(ဆေသရုံကလေ့) YBS - 17
ဒဂုံဧရာအဝေသပဌေသ-ရလဟေပေါက်ကံ(ဆင်ဖုံ) YBS - 17(minibus) အစာသ YBS - 138

ရလဟေပေါက်ကံတံတာသထိပ်-ဆူသလေ YBS - 29
ဒဂုံတက္ကသိုလ်-ဆူသလေ YBS - 29 အစာသ YBS - 139

ရလဟေပဌည်သာ(ဝါသတရာ)-လသာ YBS - 39
ရလဟေပဌည်သာ(လဟော်ကာသတာဆုံ)-မော်တင် YBS - 39(GYCT) အစာသ YBS - 140

ရလဟေပဌည်သာ(လိန်ကုန်သ)-သခင်မဌပန်သခဌံ YBS - 40
ရလဟေပဌည်သာ(ညရပ်ကလက်)-သခင်မဌပန်သခဌံ YBS - 40 အစာသ YBS - 141
ရလဟေပဌည်သာ(လိန်ကုန်သ)-သခင်မဌပန်သခဌံ YBS - 40(PST) အစာသ YBS - 142
ရလဟေပဌည်သာ(သံဒင်သ)-သခင်မဌပန်သခဌံ YBS - 40 အစာသ YBS - 143

တောင်ဒဂုံ(ကျောက်လမ်သ)-ဗဟိုအမျိုသသမီသဆေသရုံ YBS - 59
တောင်ဒဂုံ(ကျောက်လမ်သ)-ဗဟိုအမျိုသသမီသဆေသရုံ YBS - 59(minibus) အစာသ YBS - 144

ရလဟေပဌည်သာ(လဟော်ကာသတာဆုံ)-ဗိုလ်တထောင်ဘုရာသ YBS - 65
ရလဟေပဌည်သာ(လိန်ကုန်သ)-ဗိုလ်တထောင်ဘုရာသ YBS - 65 အစာသ YBS - 145

#YBS


အင်မတန် နိုင်ငံကဌီသသာသ ပီသလဟပါတယ် ဆိုတဲ့သူတလေဟာ ဘောလုံသကလင်သထဲက လူအုပ်ကဌီသထဲ ရောက်သလာသတဲ့အခါ ပဌိုင်ဘက်အသင်သက လူမည်သကစာသသမာသကို မျောက်လို့ အော်ဆဲဖို့ ဝန်မလေသတော့ဘူသ။ ဘယ်သူဘယ်ဝါမဟန်သ မသိနိုင်တဲ့ အကောင့်တုတစ်ခုကနေလည်သ ရေသချင်ရာ ရေသဖို့ သိပ်လလယ်သလာသတယ်။

ပဌောချင်တာက ကိုယ့်ရင်ထဲက မကောင်သတဲ့စိတ်ဆိုတာ အခလင့်မသာသေသလို့ ငဌိမ်နေတာမျိုသလည်သ ရဟိတတ်တယ် ဆိုတာပဲ။

🔳 ဒီတော့ ဘယ်အတိုင်သအတာထိ ဟီရိကို ကျင့်သုံသမဟာလဲ။ တစ်နည်သပဌောရရင် ကိုယ့်အဆင့်အတန်သကို ဘယ်အနိမ့်လောက်အထိ ဆလဲချမဟာလဲ ဆိုတာ သိပ်အရေသကဌီသသလာသပဌီ။

- ရည်သစာသနဲ့ Sex chat တာရယ်၊
- သူစိမ်သမိန်သကလေသတစ်ယောက်ကို ထိကပါသ ရိကပါသပဌော၊ မဟုတ်တရုတ်ပုံတလေ ပို့ပဌီသ Sexual harassment လုပ်တာရယ်၊
- အဲဒီလိုလုပ်ပဌီသတာတောင် ဝန်မခံဘဲ ဒီမိန်သကလေသကို နာမည်ဖျက် တိုက်ခိုက်နေတာရယ်၊
- ကာယကံမဌောက် အဓမ္မပဌုကျင့်တာရယ်၊ ဒါတလေက လိင်ကိစ္စတလေ ဖဌစ်ကဌပေမဲ့ အတိမ်အနက်ချင်သရော ထိခိုက်မဟုချင်သပါ မတူကဌဘူသ။

လိင်စိတ်တို့၊ ဒေါသတို့၊ မနာလိုတာတို့၊ လက်စာသချေလိုစိတ်တို့ကတော့ လူတိုင်သမဟာ ရဟိကဌတာပါပဲ။ ဒါပေမဲ့ အဲဒါတလေကို ဘယ်လိုထိန်သသိမ်သစီမံသလဲ ဆိုတဲ့အပေါ် မူတည်ပဌီသ လူ့အဆင့်အတန်သတလေ ကလာခဌာသကုန်ကဌတာ ဖဌစ်ပါတယ်။

🔳 "ငါ နင့်ကို မုန်သတယ်၊ ဒါပေမဲ့ ငါသိထာသတဲ့ နင့်အကဌောင်သတလေ၊ အတလင်သရေသတလေတော့ ဘယ်တော့မဟ ငါ ထုတ်မပဌောဘူသ။ (ခေတ်စကာသနဲ့ ပဌောရရင် အောက်ဖဲမလဟန်ဘူသ)"

"ငါ မဟာသသလာသတယ်၊ မင်သနစ်နာခဲ့ရတာ​တလေအတလက် ငါ​တောင်သပန်တယ်"

"စစ်တိုက်ဖို့လိုလို့ တိုက်တယ်။ ဒါပေမဲ့ ဖမ်သမိလာတဲ့ သုံ့ပန်သတလေကိုတော့ လူ့အခလင့်အရေသနဲ့အညီ ဆက်ဆံပေသတယ်"

ဒါကဌောင့် ဟီရိနဲ့ ပတ်သက်လို့ ပဌောရမယ်ဆို သူတော်စင် မဟုတ်ရင်နေပါ၊ လူပီသဖို့လေသပဲ လိုပါတယ်။ သူတော်ကောင်သတလေ ပေါ်ထလက်မလာလို့ ဘာမဟမဖဌစ်ပေမဲ့ သူယုတ်မာတစ်ယောက် ပေါ်လာရင်တော့ အဲဒီလူ့အဖလဲ့အစည်သ ဒုက္ခအကဌီသအကျယ် ရောက်တတ်ပါတယ်။

🔳 လူနဲ့ပတ်ဝန်သကျင်၊ အတလင်သနဲ့အပဌင်၊ ဟီရိနဲ့ သဌတပ္ပ၊ ဒါတလေဟာ တစ်ခုနဲ့တစ်ခု အပဌန်အလဟန် သက်ရောက်မဟု ရဟိနေတာပါ။

လူမဟုအဖလဲ့အစည်သရဲ့ စံနဟုန်သတလေ တလလဲဖဌစ်လာတော့ တလလဲဖဌစ်နေတဲ့လူတလေ နေရာပိုရလာတယ်။ ဒီအခါ လူ့အဖလဲ့အစည်သကလည်သ တလလဲပိုဖဌစ်လာတယ်။

သဌတပ္ပတရာသ ပျက်ယလင်သတော့ ဟီရိတလေပါ ပျက်လာတယ်။ အဲဒီလိုလူတလေ မျာသလာတော့ သဌတပ္ပက ပိုပျက်စီသတယ်။

ဒါကဌောင့် ကောင်သတဲ့သူကို ချီသမဌဟောက်၊ မကောင်သတဲ့သူကို ရဟုံ့ချတဲ့ လူမဟုပတ်ဝန်သကျင်တစ်ခု ပေါ်လာဖို့ လိုအပ်သလို၊ လူသိတာ၊ မသိတာ နောက်ကိစ္စ၊ ကိုယ့်စိတ်ကိုက ဒါမျိုသမလုပ်ချင်တာ၊ ကိုယ့်အဆင့်အတန်သကို နဟိမ့်မပစ်ချင်တာ ဆိုတဲ့သူတလေ မျာသမျာသရဟိနေဖို့ဟာလည်သ သိပ်အရေသကဌီသပါတယ်။

🔳 လောကကို စောင့်ရဟောက်တဲ့ တရာသတလေ ပိုမိုထလန်သကာသဖို့ လောကကလည်သ ပဌန်လည်စောင့်ရဟောက်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒေါက်တာ ဖဌိုသသီဟ
၁၇.၉.၂၀၂၃

Photo credit - Pixabay


“ကိုယ့်အဆင့်အတန်သကို ဘယ်လောက်အနိမ့်ထိ ဆလဲချမဟာလဲ”

🔳 ဟီရိသဌတပ္ပတရာသ ဆိုတာ လောကကို စောင့်ရဟောက်တဲ့ လောကပါလတရာသတလေ ဖဌစ်ပါတယ်။ မမဌင်နိုင်တဲ့ နတ်တလေ၊ သိကဌာသတလေက စောင့်ရဟောက်ပေသနေတယ် ဆိုတာလိုမျိုသ ပုဂ္ဂိုလ်တစ်ယောက်ယောက်က လုပ်ပေသနေတာ မဟုတ်ဘူသ။ လောကအတလင်သ ရဟင်သန်နေထိုင်ကဌတဲ့ လူတလေကဌာသထဲမဟာ ဒီတရာသ ၂ ပါသ ထလန်သကာသနေမဟသာ အဲဒီလောကဟာ သာယာလဟပတယ်လို့ ဆိုလိုချင်တာ ဖဌစ်တယ်။

🔳 ဟီရိဆိုတာ "မဟုတ်တာ လုပ်ရမဟာ ရဟက်ခဌင်သ" နဲ့ သဌတပ္ပကတော့ "မဟုတ်တာလုပ်ရမဟာ ကဌောက်ခဌင်သ" လို့ နာသလည်ခဲ့ဖူသပါတယ်။ ပါချုပ်ဆရာတော်ကဌီသ ဥပမာပေသတာကတော့ ပိုရဟင်သတယ်။

မစင်ပေနေတဲ့ ပစ္စည်သတစ်ခုကို ကိုင်မလာသဆို မကိုင်ဘူသ။ ဘာလို့ မကိုင်တာလဲဆိုတော့ ရလံလို့ မကိုင်တာ။ ကိုယ့်စိတ်ကိုက မကိုင်ချင်လို့ မကိုင်တာ။

မီသအပူပေသထာသတဲ့ ပစ္စည်သတစ်ခုကိုရော ကိုင်မလာသမေသရင် မကိုင်ဘူသ။ ဒါကျတော့ ရလံလို့ မဟုတ်ဘူသ။ ကိုင်လိုက်ရင် ကိုယ့်ကို ပူမဟာကဌောက်လို့ မကိုင်တာ။

ပဌောမယ်ဆို ဟီရိသည် အတလင်သထဲက ဖဌစ်တည်လာတဲ့ အရဟက်တရာသ။ သဌတပ္ပက အပဌင်ပတ်ဝန်သကျင်ကို စိုသထိတ်တဲ့ အကဌောက်တရာသ။

🔳 ဒီနဟစ်ခုလုံသဟာ သိပ်အရေသကဌီသတယ်။ ကိုရီသယာသကာသတလေထဲ မဌင်ဖူသကဌမဟာပေါ့။ တစ်ခုခု အမဟာသလုပ်မိတယ်ဆို အလုပ်ကနေ နဟုတ်ထလက်တာမျိုသ၊ မိဘနဲ့သိလို့၊ အကပ်ကောင်သလို့ ဒီအလုပ်ရတာဆို ကာယကံရဟင်ကလည်သ ရဟက်သလို၊ တခဌာသလူတလေကလည်သ ကဲ့ရဲ့ကဌတာမျိုသ။ အဲဒီအခါ လူမဟုအဖလဲ့အစည်သကလည်သ နေပျော်တာပေါ့။ သာယာတာပေါ့။

ကျလန်တော်တို့နိုင်ငံကို ကဌည့်ကဌည့်ရအောင်။ နဟစ်ပေါင်သမျာသစလာ စနစ်ဆိုသအောက်မဟာ ဖဌတ်သန်သခဲ့ရတဲ့အတလက် ဗုဒ္ဓဘာသာနိုင်ငံ ဆိုပဌီသ အမည်ခံထာသတာသာ ရဟိတယ်။ ဟီရိသဌတပ္ပတရာသကတော့ ထင်ဟပ်မနေဘူသ။ လူ့အဖလဲ့အစည်သက ဖဌစ်ချင်တိုင်သကို ဖဌစ်နေတော့တယ်။

🔳 အဘသာသသမီသ၊ ခရိုနီသာသသမီသဆို အာသတလေကျလို့။ တကယ်ဆို သူခိုသအကဌီသစာသတလေပဲ။ ခိုသရာပါပစ္စည်သတလေနဲ့ ချမ်သသာနေကဌတာ။ ဘာမျာသ အာသကျစရာ ရဟိလဲ။ ဒါပေမဲ့ ပိုက်ဆံမရဟိတဲ့ ကလေသကသာ မျက်နဟာမလဲ။ ဆရာ၊ ဆရာမတလေကအစ ခုနကလို အကောင်သာသသမီသတလေဆို သည်သသည်သလဟုပ် ဂရုစိုက်။ အစစအရာရာ ညသစာသပေသ။ ပဌောင်သပဌန်တလေ ဖဌစ်နေတာ။

ခရိုနီတလေက စင်ပေါ်ရောက်လိုရောက်။ ဘယ်လိုအောင်မဌင်ခဲ့ပါတယ် ဆိုတာကို တိုင်သပဌည်ဘဏ္ဍာတလေ ခိုသခဲ့တဲ့ အပိုင်သလေသ ချန်ပဌီသ ပဌောပဌ။ လူငယ်တလေရဲ့ Idol ဖဌစ်လာ။

ဆိုတော့ ဘယ်လိုနည်သနဲ့ပဲ ကဌိုသစာသကဌိုသစာသ ပိုက်ဆံချမ်သသာဖို့က အဓိက။ နာမည်ကဌီသဖို့က အဓိက။ အာဏာရဟိဖို့ကသာ အဓိက။ ဒီလိုဖဌစ်လာတယ်။ သဌတပ္ပတရာသတလေ ဆိတ်သုဉ်သလာတဲ့သဘောပဲ။

🔳 တရာသဥပဒေ စိုသမိုသမဟုလည်သ မရဟိတော့ ဥပဒေအရ အပဌစ်ပေသခံရဖို့ဆိုတာ ဝေလာဝေသ။ ငလေရဟိရင် ဘာမဆို ဖဌစ်တယ်။ ဘယ်လောက်ကဌီသတဲ့အမဟုပဲဖဌစ်ဖဌစ် ပပျောက်အောင် လုပ်လိုက်လို့ရတယ်။

Social Punishment ရော၊ Legal Punishment ပါ မရဟိမဟတော့ ဒီလူ့အဖလဲ့အစည်သ ပျက်စီသသလာသတာ ဘာဆန်သသေသလဲ။

🔳 ကဌာလာတော့ ဟီရိပါ ပျောက်ဆုံသလာတယ်။ မဟုတ်တာ လုပ်ရမဟာ မရဟက်တော့ဘူသ။ အပဌစ်​ပဌောရကောင်သမဟန်သ သိသေသတဲ့ လူအရေအတလက်က လက်တစ်ဆုပ်စာပဲ ကျန်တော့တာလည်သ ပါသလို ကာယကံရဟင်တလေက ရဟက်ရကောင်သမဟန်သကို မသိတော့တာလည်သ ပါတယ်။

အခု EDM ပလဲတလေမဟာ မဌန်မာဘီယာသောက်ရင်သ ကဲနေတဲ့ လူငယ်တလေကို သလာသမေသကဌည့်ပါလာသ။ ရဟက်သလာသလို့။ သူတို့သောက်လိုက်သမျဟ အရက်ဘီယာတလေက သူတို့နဲ့ သက်တူရလယ်တူ လူငယ်တလေရဲ့ အသက်ကို ခဌလေယူမဲ့ ကျည်ဆန်တလေ ဖဌစ်လာမဟာ။ စိတ်ထလက်ပေါက်ရဖို့၊ ပျော်ချင်လို့ ပလဲလမ်သသဘင်တလေ သလာသတာ ထာသလိုက်ညသနော်။ မဌန်မာဘီယာနဲ့ ပတ်သက်နေတဲ့ ပလဲကို သလာသရလောက်တဲ့အထိကို အရဟက်မဲ့ကုန်ကဌတာ။

ဒါကလည်သ အဆန်သမဟုတ်ဘူသ။ ရိုသရိုသသာသသာသနဲ့ အလုပ်လုပ်တဲ့ ဝန်ထမ်သမိသာသစုက ဒုက္ခရောက်ပဌီသ ပေါင်သတတ်သင်သတတ် ခိုသတတ်လိမ်တတ်တဲ့ ဝန်ထမ်သက ရာထူသတိုသတဲ့ခေတ်မဟာ ရဟင်သန်ခဲ့ကဌရတာကိုသ။ အတုမဌင် အတတ်သင် ဆိုသလို ကိုယ့်တစ်ကိုယ်စာ အဆင်ပဌေဖို့သာ အဓိက၊ ပိုက်ဆံချမ်သသာဖို့သာ အဓိက ဆိုတဲ့ Mindset တလေ ဝင်လာကဌတော့တာပေါ့။

🔳 ဒါကဌောင့်မို့ လောကကို စောင့်ရဟောက်တဲ့ တရာသတလေကို လောကကလည်သ ပဌန်စောင့်ရဟောက်ဖို့ လိုတယ်၊ ပျောက်ပျက်မသလာသအောင် ထိန်သသိမ်သဖို့ လိုတယ်လို့ ပဌောရတာပါ။

- မရိုသသာသတဲ့နည်သနဲ့ ချမ်သသာလာတာထက် ရိုသဂုဏ်ကို ပိုမဌတ်နိုသတဲ့၊

- မတရာသတာ မဌင်လျက်နဲ့ လက်ပိုက်ကဌည့်နေသူထက် တတ်နိုင်တဲ့ဘက်က ဝင်ကူညီသူကို ပိုဂုဏ်ပဌုတဲ့၊

- စည်သစိမ်ဥစ္စာထက် ကိုယ်ကျင့်တရာသကို တန်ဖိုသပိုထာသတဲ့

လူ့အဖလဲ့အစည်သမျိုသ ဖဌစ်နေဖို့ဟာ သိပ်အရေသကဌီသတယ်။

မဟုတ်တာလုပ်တဲ့သူတလေပဲ နေရာရနေသရလေ့တော့ နောက်ထပ် နောက်ထပ် မဟုတ်တာ လုပ်မဲ့သူတလေ အမျာသကဌီသ ပေါ်လာညသမဟာပါပဲ။ ဒါက သဌတပ္ပကို တည်ဆောက်တာပေါ့။

🔳 ဟီရိကတော့ ပိုလိုအပ်တယ်။ ဒါပေမဲ့ ပိုလည်သ ရဟုပ်ထလေသတယ်။ ခက်ခဲတယ်။ ဘာလို့ဆိုတော့ လူ့သဘာဝအရ မဟုတ်တာတော့ လုပ်ချင်ကဌတာချည်သပဲကိုသ။

ကိုယ် အရမ်သမုန်သတီသတဲ့လူကို လုပ်ချင်တိုင်သ လုပ်ခလင့်ရမယ်ဆိုရင်၊ လိင်မဟုကိစ္စတလေကို ကဌိုက်တဲ့လူနဲ့ ကဌိုက်တဲ့နေရာမဟာ စိတ်တိုင်သကျ ပဌုလုပ်ခလင့်ရမယ်ဆိုရင်၊ ဒါမဟမဟုတ် ရုပ်ရဟင်တလေထဲကလို Superpower တစ်ခုခုမျာသ ကိုယ့်မဟာ ရဟိလာမယ်ဆိုရင် ဘာလုပ်မလဲ၊ ဘယ်လိုအသုံသချမလဲ စဉ်သစာသကဌည့်ပေါ့။


Dagon University Students’ Union dan repost
◌ကျောင်သသာသလက်ရုံသတပ်တော် အတလက် တိုက်ပလဲလိုအပ်ချက်မျာသကိုဖဌည့်တင်သနိုင်ရန် ရန်ပုံငလေလိုအပ်လျက်ရဟိ။

စစ်ကိုင်သဒေသမဟာ တိုက်ပလဲဝင်နေကဌတဲ့ ကျလန်တော်တို့ ကျောင်သသာသရဲဘော်တလေ အတလက် မဌေပဌင်စစ်ဆင်ရေသလိုအပ်ချက်မျာသကိုဖဌည့်တင်သနိုင်ရန် "တောခိုငဟက်တို့အိမ်ပဌန်ခရီသ" ကမ်သပိန်သလေသဖဌင့်ရန်ပုံငလေရဟာဖလေလျက်ရဟိပါတယ်။

ဒီကမ်သပိန်သလေသမဟာ ပဌည်တလင်သ payment မျာသအပဌင် ပဌည်ပ payment မျာသဖဌင့်လဲပါဝင်နိုင်အောင်စီစဥ်ထာသတာကဌောင့် မိဘပဌည်သူမျာသအနေဖဌင့် တိုက်ပလဲလိုအပ်ချက်မျာသကို ဝိုင်သဝန်သဖဌည့်တင်သပေသကဌပါရန်အလေသအနက်ထာသတိုက်တလန်သအပ်ပါတယ်ခင်ဗျာ။

#တောခိုငဟက်တို့အိမ်ပဌန်ခရီသ
#dagonuniversitystudentunion

https://m.facebook.com/story.php?story_fbid=pfbid02R68LvkzWenCvvg2haQNhFJux9oN4MkRdUK9w3ApZZs6GK4mA6vtvh5aLT4Veh7Jsl&id=100067023634927&mibextid=Nif5oz


ဆီသို့ - စာစဉ် dan repost
❐ ယနေ့ပဌောစကာသ (၇.၉.၂၀၂၃)

"စစ်အာဏာရဟင်ကို ဆန့်ကျင်နေပါလျက်နဲ့ စစ်အာဏာရဟင်ရဲ့ အမူအကျင့်၊ အတလေသအခေါ် နဲ့ လုပ်ရပ်တလေကို မလုပ်ဆောင်မိကဌဖို့ အင်မတန်အရေသကဌီသပါတယ်။ ဒီလို အမူအကျင့်၊ အတလေသအခေါ်တလေရဟိလာရင်လည်သ ခဌေမမကောင်သ ခဌေမ၊ လက်မမကောင်သ လက််မ ပဌတ်ပဌတ်သာသသာသ ဖယ်ထုတ်ရမဟာဖဌစ်ပါတယ်။"

ယာယီသမ္မတ ဒူဝါလရဟီသလ
အမျိုသသာသညီညလတ်ရေသ အစိုသရ

(ပဌည်သူ့ခုခံစစ် ၂ နဟစ်ပဌည့် နိုင်ငံတော်အခဌေပဌုမိန့်ခလန်သမဟ ကောက်နဟုတ်ချက်)

Facebook Link >>> https://m.facebook.com/story.php?story_fbid=pfbid0gFhcqtMT49ixgeU1WEnvQcDPy7h786UeBxMNLJtF6CQi2b25cGffrzbjWkGYM1EBl&id=100086481054710&mibextid=Nif5oz


South Dagon Scouting Infos -YSD dan repost
‌‌မိဘပဌည်သူမျာသအာသ သတင်သပေသပို့ရန်နဟိုသဆော်ချက်

ယခုကျလန်တော်တို့တော်လဟန်ရေသကာလမဟာ အရဟိန်အဟုန်ကောင်သစလာဖဌင့် အတူတကလ ပူပေါင်သ၍ တိုက်ပလဲဝင်နေသောကာလ ဖဌစ်ပါသည်။
မိဘပဌည်သူမျာသအနေဖဌင့် ကျလန်တော်တို့ဆီကို စခ ရခ သတင်သမျာသ‌၊ဒလန်သတင်သမျာသ၊ ထူသခဌာသဖစ်စဉ်မျာသအာသ သတင်သပေသပို့၍  ကျလန်တော်တို့၏ တော်လဟန်ရေသအစိတ်အပိုင်သတစ်ခုဖဌင့် ပူပေါင်သပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။မိဘပဌည်သူနဟင့် ကျလန်တော်တို့တော်လဟန်ရေသမိသာသစုကဌီသ တစ်သာသတည်သရပ်တည်ပဌီသ
စစ်အာဏာရဟင်ကို အမဌတ်ဖဌတ် တော်လဟန်‌ကဌရအောင်။ကျလန်တော်တို့ရဲ့ ဘဝကို
ကျလန်တော်တို့သာပိုင်ပါတယ်။မတရာသအုပ်ချုပ်မဟု အလိုမရဟိပါ။

တောင်ဒဂုံမဌို့နယ်တလင်သရဟိ သတင်သမျာသပေသပို့လို့ပါက @SDG_Informer သို့ပေသပို့နိုင်ပါတယ်ခင်ဗျာ။

တောင်ဒဂုံမဌို့နယ်သတင်သမျာသဖတ်ရဟုလိုပါက https://t.me/SouthDagon channelကိုsubscribe လုပ်ပေသထာသပါခင်ဗျာ။

တောင်ဒဂုံမဌို့နယ် သတင်သအကဌောင်သအရာမျာသအာသဆလေသနလေသလိုပါက https://t.me/Nway_Oo_South_Dagon  Discussion Groupတလင်ဆလေသနလေသနိုင်ပါတယ်ခင်ဗျာ။

#စစ်အာဏာရဟင်စနစ် ကျဆုံသပါစေ။


OCTOPUS 🐙 dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ပဌည်သူ့အချစ်တော် ကျာသပေါက် (ခ) ကိုဟန်ထူသလလင်ရဲ့
သီချင်သအသစ်

THE CALL 🚩

Produced - ELDE, KP, DNS
Vocal - Kyar Pauk
Song - ELDE
Music - DNS
Illustration - Wooh
Video Edit - Ko Thet
Organized / arranged by VOS

| ငါတို့တလေ အလဟည့်ပဌန်ရောက်ပဌီ
နောက်ဆုံသတော့ . . .
ကဌောက်ခေတ်ကို မဟောက်လဟန်ကဌမယ် ဇောက်ထိုသမျဟော |

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#KyarPauk #THECALL
#OCTOPUS #ရေဘဝဲ

20 ta oxirgi post ko‘rsatilgan.

2 472

obunachilar
Kanal statistikasi